၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ နွားလပိုးကျေးရွာအုပ်စု၊ စက်မှုဇုန်အတွင်း တောမီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်ဦးစီးမှူးရုံးနှင့် မီးသတ်စခန်းမှ ယာဉ်(၃)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် မီးကိုအောင်မြင်စွာငြိမ်းသတ်နိုင်ခဲ့သည်။



