ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်တွင် ငလျင်မလှုပ်ခတ်မီတွင် သဲစျေးတင်ဘာ ကားတစ်စီးကို( ၉) သောင်းကျပ်သာရှိပြီး ငလျင်လှုပ်ခတ်ပြီးနောက် သဲစျေး တင်ဘာကားတစ်စီးကို ကျပ်၂ သိန်းအထိစျေးတက်သွားခဲ့ကြောင်းသိရသည်။အိမ်ဆောက်ပစ္စည်းများဖြစ်ကြသော ဘိလပ်မြေ၊သံ၊သစ်၊ဝါးများလည်း စျေးနှုန်းသိသိသာသာမြှင့်တက်ကြောင်းသိရသည်။



