ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာမီးသတ်အဝိုင်းအနီး မောင်ကျန်သီးလမ်းမှာဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ခံစားနေရတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေ အနေနဲ့ ခွင့်ခံစားခွင့်မရတာ၊ ဂိတ်ပက်တောင်းပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ လုပ်ငန်းခွင်အတွင်းဆဲဆိုခိုင်းစေခံရတာ အထည်စံချိန် အများအပြားတောင်းဆိုတာ၊ အချိန်ပိုအလွန်အကျွံခိုင်းစေပြီး ဖယ်ရီစီစဉ်မပေးတာ စတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေရှိနေတာကြောင့် အလုပ်လုပ်ကိုင်ရတာ အခက်တွေ့နေရလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။



