back

စစ်ကိုင်းမြို့ရှိ မလေးရှားယာယီဆေးရုံတွင် ဆေးကုသမှုခံယူသူ ၆၀၀ ကျော်ရှိလာ

Apr 27 • 1:29 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့ရှိ မလေးရှားယာယီဆေးရုံတွင် ဆေးကုသမှုခံယူသူ ၆၀၀ ကျော်ရှိလာ

ဧပြီလ ၂၁ ရက်က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ နှစ်ခုနစ်ရာ ဘောလုံးကွင်းတွင် မလေးရှားနိုင်ငံက ယာယီဆေးရုံဖွင့်လှစ်ကာ အခမဲ့ကုသပေးလျက်ရှိသည်။ဧပြီလ ၂၁ ရက်မှ ဧပြီလ ၂၇ ရက...

ဧပြီလ ၂၁ ရက်က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ နှစ်ခုနစ်ရာ ဘောလုံးကွင်းတွင် မလေးရှားနိုင်ငံက ယာယီဆေးရုံဖွင့်လှစ်ကာ အခမဲ့ကုသပေးလျက်ရှိသည်။ဧပြီလ ၂၁ ရက်မှ ဧပြီလ ၂၇ ရက်နေ့အထိ လာရောက်ကုသသူ ၆၀၀ ကျော်ရှိပြီး အဆိုပါလူနာများထဲတွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ လာရောက်ကုသသူ ၁၀ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။မလေးရှားယာယီဆေးရုံတွင် ရွေ့လျား ဓာတ်မှန်ခန်း၊ အထူးကြပ်မတ်ကုဆောင်၊ ခွဲစိတ်ခန်းများပါဝင်ပြီး မေ့ဆေးဆရာဝန်၊ ခွဲစိတ်ဆရာဝန်နှင့် အရိုး ဆရာဝန်များအပြင် မလေးရှားတပ်မတော်မှ ဆရာဝန်နှင့် ဆေးအကူ စုစုပေါင်း ၆၉ ဦးပါဝင်ကြောင်း သိရသည်။



news-view-count-icon

15