ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျန်းမာရေးဝန်ထမ်းအင်အားတွေ လျော့နည်းမှုကာ အသိပညာပေးမှုတွနဲ့ ကြိုတင်ကာကွယ်မှုတွေမလုပ်နိုင်တာကြောင့် ရာသီရောဂါတွေဟာ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ကျန်းမာရေးမှူးတွေကပြောဆိုကြပါတယ်။ ယခင်က လစဉ် အသိပညာပေးမှုတွေဆောင်ရွက်ခဲ့ပေမယ့်လည်း ရာသီအလိုက်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေဟာ ဖြစ်ပွားမြဲဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ ပို၍ဖြစ်ပွားနိုင်တယ်လို့ ဆိုကြပါတယ်။



