ကမ္ဘာဂြိုဟ်အပြင် စကြဝဠာထဲက အခြားဂြိုဟ်တွေမှာ သက်ရှိဂြိုဟ်သားတွေ ရှိနေလားဆိုတာကို လေ့လာစူးစမ်းနေကြဆဲဖြစ်ပါတယ်။ အခုဆိုရင် ဧရာမဂြိုဟ်ကြီးတစ်ခုမှာ ဂြိုဟ်သားသက်ရှိများ ရှင်သန်နေထိုင်နိုင်ဖွယ် ရှိတယ်ဆိုတဲ့ အခိုင်မာဆုံး အထောက်အထား ရရှိလာပါတယ်။ K2-18b ဆိုတဲ့ ပြင်ပဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၁၂၄ နှစ်ကွာဝေးပြီး လီယိုကြယ်တာရာအစုအဝေးမှာ တည်ရှိပါတယ်။ကျွန်ုပ်တို့ရဲ့ နေစကြဝဠာထဲက မဟုတ်ပေမယ့် သူ့ရဲ့လေထုကို အကြိမ်ကြမ်ဆန်းစစ်အပြီးမှာတော့ ကမ္ဘာပေါ်မှာ သက်ရှိတွေကနေပဲ ထုတ်လုပ်တယ်လို့ သိထားတဲ့ ဒြပ်ပေါင်းများရဲ့ ဓာတုလက္ခဏာများ တွေ့ထားတယ်လို့ သိပ္ပံပညာရှင်များ အခိုင်အမာဆိုထားပါတယ်။
Apr 27 • 9:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


