ဧပြီ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဆာခေးရိုခရိုင်၊ ကောက်ပိခွန်ခရိုင်ခွဲ၊ နောင်ခိုင်ဟန်အရပ်မှ အသက် ၄၇ နှစ် အရွယ် ထိုင်းအမျိုးသမီး ဆူပင်ဝမ်ပန်းသည် ဆွေမျိုးတစ်သိုက်နှင့် မှိုလိုက်နှုတ်ချိန် တောကြီးမြွေဟောက် (King Cobra) ကိုက်ခံရသော်လည်း သတိမလစ်ဘဲ မြွေကို လက်ဗလာဖြင့် အရဖမ်းဆီးသတ်ဖြတ်ကာ ဆေးရုံသို့ သယ်ဆောင်လာနိုင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်သွားနိုင်ခဲ့သည်။ တောကြီးမြွေဟောက်သည် ၃ မီတာရှည်လျားပြီး ဆူပင်ဝမ်ပန်း၏ ဘယ်ဘက်ခြေထောက်ကို ဆက်တိုက် ကိုက်ခဲ့ရာ ဆူပင်သည် ဆွေမျိုးများကို မခေါ်မီ မြွေလည်ပင်းနေရာအား တက်နင်းပြီး ဖမ်းဆီးပြီးမှ ရိုက်သတ်ကာ ဆေးရုံသို့ မြွေအားအရသယ်ဆောင်နိုင်ခဲ့သည်။
ကိုက်ခံရသော တောကြီးမြွေဟောက်ကို လက်ဗလာဖြင့် ဖမ်းဆီးပြီး ဆေးရုံယူဆောင်လာနိုင်သူ ထိုင်းအမျိုးသမီး ရှင်သန်နိုင်ခဲ့
Apr 27 • 9:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


