ဧပြီလ ၂၆ ရက်နေ့ ၀၈နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် လမ်းလျှောက်လာသူ အောင်အောင် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၀၈နာရီ၂၀မိနစ် အချိန် တင်မင်းကို(ခ)ပြုံးချို အား တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ၀၈နာရီ၄၅ အချိန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးအနီးတွင် မောင်တူး(ခ)တူကြီး သိုဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၅၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်အောင်(၃၆)နှစ်၊ တင်မင်းကို(ခ) ပြုံးချို(၅၇)နှစ် နှင့် မောင်တူး(ခ)တူကြီး တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်များ ဖော်ထုတ်လျက်ရှိပါတယ်။
Apr 27 • 7:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 30 | 0 | 0 | 0 |


