ဧပြီလ ၂၃ ရက်နေ့ ၁၃နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအနီးတွင် သက်နိုင်(ခ)ကိုငှက် မောင်းနှင်ပြီး ကျော်ခိုင်လင်း(ခ)မိုးဒီ လိုက်ပါလာသည့် HARRIER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃,၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား ရေတာရှည်မြို့နယ်၊ ရေနီကျေးရွာမှ ရန်ကုန်သို့သယ်ဆောင် ခဲ့သည့် CANTER ISUZU ၆ ဘီးမော်တော်ယာဉ်အား မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင် လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဧပြီလ ၂၄ ရက်နေ့ ၁၈နာရီ၃၀ မိနစ်အချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ နေလင်းထွန်း အား ရန်ကုန်-မန္တလေး အမြန်လမ်း(၁၅၈)မိုင် စစ်ဆေးရေးဂိတ်တွင် လက်ကိုင်ဖုန်း ၄ လုံးနှင့် မြန်မာငွေကျပ် ၁၅ သိန်းတို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် သက်နိုင်(ခ)ကိုငှက်(၅၅)နှစ်၊ ကျော်ခိုင်လင်း (ခ)မိုးဒီ(၃၃)နှစ် နှင့် နေလင်းထွန်း(၄၈)နှစ်တို့အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်များ ဖော်ထုတ်လျက်ရှိပါတယ်။
ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၃,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Apr 27 • 7:51 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


