ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွင် မတ် ၂၈ ရက်နေ့က အင်အားပြင်းငလျင်ကြောင့် အိမ်များပျက်စီးခဲ့ပြီး ယင်းဒေသရှိ ယင်လုံအိမ်သာအခက်အခဲများကြောင့် ဒေသခံများတွင် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ငလျင်ဖြစ်ပြီးနောက် ၂၈ ရွာထိခိုက်ပြီး ဒေသခံ ၂၀၀ ကျော် သေဆုံးခဲ့ကာ၊ ရေပေါ်တွင်တည်ဆောက်ထားသည့် အိမ်များပြန်လည်ပြုပြင်ရေးတွင်လည်း အခက်အခဲများရင်ဆိုင်နေရသည်။



