ဒလ-ရန်ကုန်ကြား ပြေးဆွဲနေသည့် စက်သမ္ဗာန်စီးနင်းခသည် ယခင်အတိုင်း တစ်ဦးလျှင် ၄၀၀ ကျပ်သာရှိနေသဖြင့် အလုပ်သွားအလုပ်ပြန် ပြည်သူများ အတွက် အဆင်ပြေကြောင်း သိရသည်။ အခြားပို့ဆောင်ရေးယာဉ်များစျေးနှုန်း တက်လာသော်လည်း စက်သမ္ဗာန်စျေးမတက်သဖြစ် ရန်ကုန်ဘက်သို့ အလုပ်သွားလာသူများ ပိုမိုစီးနင်းလာကြသည်။ မော်တော်စက်ပိုင်သမ္ဗာန်များသည် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ပုံမှန်ပြေးဆွဲပေးနေပြီး တစ်နေ့လျှင် ၈ ခေါက်ခန့် ပြေးဆွဲကာ ဝင်ငွေလေးသောင်းခန့် ရရှိကြောင်း၊ ရန်ကုန်-ဒလတံတား ပြီးဆုံးသွားပါက ခရီးသည်ဦးရေ ပြောင်းလဲနိုင်ခြင်းရှိသည်ဟု သိရသည်။



