ထိုင်းနိုင်ငံအတွက် မြဝတီ၊ ကော့သောင်း၊ ဒွန်မောင်း စခန်းများမှ မူရင်းစေလွှတ်စာရင်းအတိုင်း MOU, Zero Cost, U-Turn အမျိုးအစားခွဲခြား၍သာ တင်ပြရမည်ဖြစ်ပြီး အရေအတွက်ပြောင်းလဲ၍ မရပါ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်စေလွှတ်ရပါက မြဝတီတာဝန်ခံထံ OWIC ပြန်အပ်သည့် အထောက်အထားဖြင့် ဇယားတွင် ဖော်ပြနိုင်သည်။ ဂျပန်နှင့် အခြားနိုင်ငံများအတွက်လည်း လအလိုက် OWIC ပြုလုပ်မှုစာရင်းကို အမျိုးအစားခွဲ၍ တင်ပြရမည်ဖြစ်ပြီး၊ ခွဲခြားပြင်ဆင်ရန်မလိုသည့် အေဂျင်စီများသည် ထပ်မံတင်ပြရန် မလိုအပ်ကြောင်း အသိပေးထားသည်။




