၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အေဂျင်စီများမှ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်လိုအပ်သည့် လုပ်သားအင်အားစာရင်းကို ယခင်နှစ်ပုံစံအတိုင်း ပုံမှန်၊ Zero Cost ခွဲခြားဖော်ပြရမည်ဖြစ်ပြီး၊ ထိုင်းနှင့် ဂျပန်နိုင်ငံများအတွက်လည်း အလုပ်ပြောင်းခြင်း U-Turn စသည့်အမျိုးအစားခွဲခြားဖော်ပြရန်လိုသည်။ အကြောင်းအမျိုးမျိုးကြောင့် OWIC ပြုလုပ်ပြီးသော်လည်း စေလွှတ်မှုမဖြစ်ခဲ့ပါက ထောက်ခံစာများနှင့်အတူ စာရင်းပြင်ဆင်တင်ပြရန် လိုအပ်သည်။ အချိန်မီတင်ပြနိုင်ရေး ကြိုတင်ပြင်ဆင်ထားစေရန် အသိပေးခြင်းဖြစ်ပြီး တရားဝင်အကြောင်းကြားချက်နဲ့အတူ တင်ပြရန်ပုံစံနှင့် အချက်အလက်များကို နောက်ထပ် အသိပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။



