back

ဒဂုံစတားအသင်းဟာ ပြည်တွင်းကစားသမား အင်အားဖြည့်တင်းမှုကို အကောင်းဆုံးပြုလုပ်ထားနေ

Apr 27 • 3:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒဂုံစတားအသင်းဟာ ပြည်တွင်းကစားသမား အင်အားဖြည့်တင်းမှုကို အကောင်းဆုံးပြုလုပ်ထားနေ

2025 MNL CUP ပြိုင်ပွဲနဲ့ 2025/26 MNL ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိဖို့အတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ ဒဂုံစတားအသင်းဟာ ပြည်တွင်းကစားသမား အင်အားဖြည့်တင်းမှုကို ...

2025 MNL CUP ပြိုင်ပွဲနဲ့ 2025/26 MNL ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိဖို့အတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ ဒဂုံစတားအသင်းဟာ ပြည်တွင်းကစားသမား အင်အားဖြည့်တင်းမှုကို အကောင်းဆုံးပြုလုပ်ထား၍2025/26 MNLအပြောင်းရွှေ့ရာသီအစမှာ အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ဇင်ညီညီအောင်၊ အောင်နိုင်ဝင်း၊ သီဟထက်အောင်၊ ကျော်ဇင်လွင်၊ ငြိမ်းချမ်း၊ ပီတာအောင်ဝေထူး၊ အောင်ကျော်နိုင်တို့ကို ဆုံးရှုံးခဲ့ရတဲ့ ဒဂုံစတားအသင်းဟာ ကစားသမားအင်အားဖြည့်တင်းမှုကို အကောင်းဆုံးပြုလုပ်နိင်ခဲ့ပါတယ်။ နည်းပြချုပ် ဦးမင်းထွန်းလင်း ကိုင်တွယ်နေတဲ့ ဒဂုံစတားအသင်းဟာ အခုနှစ်ရာသီအတွက် ကစားသမားခေါ်ယူမှုတွေအနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ရန်နိုင်ဦး၊ ဇာနည်ထက်နဲ့ ရန်ကျော်ထွေး၊ ရှမ်းယူနိုက်တက်အသင်းက ဈာနေရသူနဲ့ ထက်ဖြိုးဝေ၊ ရတနာပုံအသင်းက စခန့်ချောနဲ့ မိုးဆွေ၊ ဧရာဝတီယူနိုက်တက်အသင်းက ရန်ပိုင်စိုး၊ မဟာယူနိုက်တက်အသင်းက ဟန်မြင့်မြတ်ထွန်း၊ ဒဂုံပေါ့အသင်းက အောင်မြင့်မြတ်တို့ကို ခေါ်ယူထားပါတယ်။လက်ရှိအပြောင်းရွှေ့ကာလမှာ ဒဂုံစတားအသင်းအနေနဲ့ အသင်းရဲ့ အဓိကကစားသမားတချို့ကို ဆုံးရှုံးခဲ့ရပေမယ့် ရန်ကျော်ထွေး၊ ရန်နိုင်ဦး၊ ထက်ဖြိုးဝေ၊ မိုးဆွေ၊ ရန်ပိုင်စိုး၊ အောင်မြင့်မြတ်တို့လို ကစားသမားကောင်းတွေ ခေါ်ယူထားတာကြောင့် လစ်လပ်နေတဲ့ကစားတွေနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတွေကို ခေါ်ယူထားပါတယ်။




news-view-count-icon

28