အစ်ဆွစ်ချ်တောင်းအသင်းဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တရားဝင် တန်းဆင်းသွားခဲ့ရပါတယ်။ ဒါကြောင့် ဒီရာသီမှ ပရီးမီးယားလိဂ်ဆီ တန်းတက်လာခဲ့တဲ့ လက်စတာ အစ်ဆွစ်ချ်နဲ့ ဆောက်သမ်တန်တို့ (၃)သင်းလုံးဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီသာ ဖြတ်သန်းခဲ့ပြီးချိန် လိဂ်ချန်ပီယံရှစ်ဆီကနေ အတူတူ ပြန်လည် ရောက်ရှိသွားခဲ့ရပါတယ်။



