back

ရန်ကုန်တိုင်းဒေသကြီး၊သာကေတတွင် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်ပြီး ရုတ်တရက်သေဆုံးခဲ့

Apr 27 • 2:04 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊သာကေတတွင် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်ပြီး ရုတ်တရက်သေဆုံးခဲ့

26.4.2025ရက်တွင်ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ်၊ သာကေတစက်မှုဇုန်ရှိ ဓာတ်ဆီဆိုင်အနီးမှာ ဧပြီ၂၆ရက် နေ့လယ်ပိုင်းက တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ...

26.4.2025ရက်တွင်ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ်၊ သာကေတစက်မှုဇုန်ရှိ ဓာတ်ဆီဆိုင်အနီးမှာ ဧပြီ၂၆ရက် နေ့လယ်ပိုင်းက တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ Yangon Rescue Organization(YRO)ကနေ သိရပါတယ်။အဲဒီယာဉ်မောင်းဟာ နေ့လယ်ပိုင်း အပူရှိန်ပြင်းနေတဲ့အချိန် ကြံရည်သောက်ပြီးနောက် အပူရှပ်ပြီး ရုတ်တရက်သေဆုံးသွားတာဖြစ်ကာ

ဒီဖြစ်စဉ်ကို YROအဖွဲ့ဝင် သစ္စာမဏ္ဍိုင်လူမှုကယ်ဆယ်ရေးအသင်းနဲ့ မိတ်ဖက်ဖြစ်တဲ့ အောင်နိုင်သူ လူမှုကူညီရေးအသင်း၊ သော်တာfire လူမှုကူညီရေးအသင်းတို့ သွားရောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းစိစစ်မှု‌တွေပြုလုပ်ကာ ရုပ်အလောင်းကို အောင်နိုင်သူ လူမှုကူညီရေးအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။



news-view-count-icon

30