၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ လှုပ်ခတ်ခဲ့သည့် ငလျင်မှာ မန္တလေးမြို့ Sky Villa ပြိုကျမှုမှာ ပိတ်မိနေခဲ့ပြီး ဒီကနေ့ ၂၀၂၅ခုနှစ်၊ ဧပြီလ (၂)ရက်နေ့မှာ အသက်မရှိသောကိုယ်ခန္ဓာကိုသာ ကယ်ဆယ်ရေးအဖွဲ့များမှ ပြန်လည်တွေ့ရှိခဲ့ပြီး အမှန်တကယ်သေဆုံးကြောင်းအတည်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ငလျင်ကြောင့် Miss Tourism Myanmar အလှမယ် ဆီလီမီး တိုက်ပိပြီးအသက်မရှိသောကိုယ်ခန္ဓာကိုသာပြန်ရှာတွေ့တယ်လို့ Miss Tourism Myanmar Pageမှာ အတည်ပြုဖော်ပြထားတယ်လို့ သိရပါတယ်။အလှမယ် ဆီလီမီးဟာBlessed Entertainment မှ ရွေးချယ်စေလွှတ်တဲ့Miss Tourism World 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ 1st Miss Tourism Myanmar (Miss Tourism Myanmar 2018)ဆုကိုရရှိခဲ့သူဖြစ်ပါတယ်။
Apr 02 • 7:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


