back

ပြည်တွင်းတွင် ငလျင်ကြောင့် ရထားလမ်းတံတား ၈၆ ခု ပျက်စီးခဲ့ပြီး လမ်းပိုင်းတစ်ချို့ရပ်နားထားရဆဲဖြစ်နေ

Apr 02 • 7:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းတွင် ငလျင်ကြောင့် ရထားလမ်းတံတား ၈၆ ခု ပျက်စီးခဲ့ပြီး လမ်းပိုင်းတစ်ချို့ရပ်နားထားရဆဲဖြစ်နေ

ငလျင်ဘေးဒဏ်ကြောင့် ရထားလမ်းတံတား ၈၆ ခု ပျက်စီးခဲ့ပြီး ၊ ရန်ကုန် - မန္တလေး နဲ့ ပျဉ်းမနား - တောင်တွင်းကြီးလမ်းပိုင်းတွေ ရပ်နားထားရဆဲဖြစ်တယ်လို့ သိရပါတယ်။မတ်လ ၂၈ ရ...



ငလျင်ဘေးဒဏ်ကြောင့် ရထားလမ်းတံတား ၈၆ ခု ပျက်စီးခဲ့ပြီး ၊ ရန်ကုန် - မန္တလေး နဲ့ ပျဉ်းမနား - တောင်တွင်းကြီးလမ်းပိုင်းတွေ ရပ်နားထားရဆဲဖြစ်တယ်လို့ သိရပါတယ်။မတ်လ ၂၈ ရက်က ပြင်းထန် ငလျင်လှုပ်ခတ်ခဲ့တဲ့ အတွက်ကြောင့် ရထားလမ်းပိုင်း ၇၁ နေရာ ၊ တံတားချို့ယွင်းမှု ၁၅ ခု စုစုပေါင်း လမ်း၊တံတားပျက်စီး ၊ ချို့ယွင်းမှု ၈၆ ခုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ ရန်ကုန်-တောင်ငူ-နေပြည်တော်-သာစည်-မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာ ရထားတွေ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ပျက်စီးသွားတဲ့ ရထားလမ်းပိုင်းတွေမှာတော့ ပြေးဆွဲမှု ယာယီရပ်နားထားပေမယ့် ထိခိုက်ပျက်စီးတာ မရှိတဲ့ ရန်ကုန်မြို့ပတ် ၊ ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန် - ပြည် ၊ ရန်ကုန် - ပဲခူး ၊ ပုသိမ် - ကြံခင်း စတဲ့လမ်းပိုင်းတွေမှာတော့ လူစီးရထားနဲ့ ကုန်တင်ရထားတွေ ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားကနေဆက်လက်သိရှိရပါတယ်။





news-view-count-icon

20