back

ငလျင်ကြောင့် ဘန်ကောက်အဆောက်အအုံပြိုကျမှုမှာ MOU စနစ်နဲ့ မြန်မာနိုင်ငံသား ၂၄ ဦး ပျောက်ဆုံးနေ

Apr 02 • 4:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ကြောင့် ဘန်ကောက်အဆောက်အအုံပြိုကျမှုမှာ MOU စနစ်နဲ့ မြန်မာနိုင်ငံသား ၂၄ ဦး ပျောက်ဆုံးနေ

မတ်လ ၂၈ ရက်နေ့က ၇ ဒသမ ၇ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်တာကြောင့် ဆောက်လုပ်ဆဲ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံတော်စာရင်းစစ်ရုံးအဆောက်အအုံပြိုကျသွားတာပဲ ဖြစ်ရာထိုင်းနိ...

မတ်လ ၂၈ ရက်နေ့က ၇ ဒသမ ၇ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်တာကြောင့် ဆောက်လုပ်ဆဲ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံတော်စာရင်းစစ်ရုံးအဆောက်အအုံပြိုကျသွားတာပဲ ဖြစ်ရာထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံပြိုကျတဲ့ထဲ မြန်မာနိုင်ငံသားအလုပ်သမား ၂၄ ဦး အခုထိပျောက်ဆုံးနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုလက်ရှိပျောက်ဆုံးနေဆဲ လူ ၈၃ ဦးထဲမှာ ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘာဒီးယားအလုပ်သမား ၃ ဦး နဲ့ လာအို အလုပ်သမား ၁ ဦး တို့ပါဝင်ကြောင်းထုတ်ပြန်ထားပါတယ်။ ဧပြီ၂ရက်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ၁၅ ဦး အထိမြင့်တက်လာပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇ ဦးသေဆုံးခဲ့၍၉ ဦး က ဒဏ်ရာရရှိခဲ့ပြီး ၇၂ ဦးက ပျောက်ဆုံး‌ေနဆဲဖြစ်ပါတယ်။



news-view-count-icon

20