အဆိုတော် နီနီခင်ဇော်ဟာသွေးနုသားနုအချိန်မှာ ကြားသိကြုံတွေ့လိုက်ရတဲ့ ဆိုးရွားလှတဲ့ ငလျင်ဘေးဒဏ်ကြောင့် စိတ်ထိခိုက်ကြေကွဲနေတာဖြစ်ပြီး မီးဖွားပြီးခါစဖြစ်တာမို့ Social Media တွေလည်း မသုံးဖြစ်သေးတဲ့အချိန်မှာယခုလို ဖြစ်ပေါ်ခဲ့တာဖြစ်သလို ကလေးမွေးထားလို့ သူမကိုယ်တိုင်သွားရောက်မကူညီနိုင်ပေမယ့် ထိထိရောက်ရောက်ကူညီပေးနိုင်မယ့် ခိုင်နှင်းဝေ ပရဟိတအသင်းကို ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ပြီး သူမကိုယ်တိုင်လည်း သမီးလေးကို ကျန်းကျန်းမာမာ အောင်အောင်မြင်မြင်နဲ့ မွေးဖွားခဲ့တယ်လို့ အသိပေးလာပါတယ်။



