ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် အနက်ပေ ၁၀၀ ကျော်ရှိသော ကျင်း(တွင်း) ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး နောက်ရက် မတ်လ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် မြေစတင်ပြိုကျကာ တစ်ဖြေးဖြေး တွင်းငယ် ဖြစ်ပေါ်ရာကနေ ကျင်းကြီးအဖြစ် ပြောင်းလဲသွားကာယနေ့ ဧပြီလ ၁ ရက်နေ့အထိ ကျင်းကြီးမှာ မြေသား တိုက်စားလျက်ရှိပြီး တွင်းမှာ တစ်ဖြေးဖြေး အနက်ပေ များလာသလို ကျင်း အကျယ်လည်း တိုးလာနေရာငလျင်ကြောင့် ကရင်နီပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦး အပါအဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက နမ်းစံဖူးချောင်းတွင် ၃ ပေကျော် ရေကျဆင်းခဲ့ပြီး ရေများလည်း အရောင် ပြောင်းလဲနေသည့်အတွက် ယခုအချိန်အထိ ဒေသခံပြည်သူများမှာ အသုံးပြု၍ မရသေးကြောင်း ပြောဆိုကြပါတယ်။ 
Apr 01 • 6:48 AM
မြန်မာ
ကရင်
မျှဝေမည်
| 18 | 0 | 0 | 0 |


