မတ် ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆိုပါ ကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်နေသည့်မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ကျီးအင်းရွာ၊ တိုက်ကျောင်း ငလျင်ကြောင့် ပြိုကျ၍ ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ရွာတန်းတိုက်နယ်တွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး အသက်ဆုံးရှုံးမှု ဖြစ်စဉ်တွင် အနီးအနားက ကျေးရွာ ၅ ရွာက ကလေးသူငယ်များ ယဉ်ကျေးလိမ္မာ သင်တန်း တက်ရောက်ချိန်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကာ သေဆုံးမှုထဲတွင် ကျီးအင်းရွာ၊ သဲကျွန်းရွာ၊ ဆည်တိုက်ရွာ၊ သံမုံရွာ၊ ခွေးလှကုန်းကျေးရွာက ဖြစ်ပြီး သေဆုံးသူအားလုံးဟာ ကလေးသူငယ်များ ဖြစ်ကြပါတယ်။ငလျင်များ နောက်ဆက်တွဲကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်၊ လမ်းတံတားများ ထိခိုက်ပျက်စီးပြီး နေပြည်တော်အပါဝင် ငလျင်လှုပ်ခတ်ရာ နေရာများတွင် မီး၊ ရေ၊ ဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။
Apr 01 • 6:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 49 | 0 | 0 | 0 |


