back

ရန်ကုန်တိုင်းတွင် အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအတွက် ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်

Apr 01 • 6:16 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းတွင် အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအတွက် ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်

ရန်ကုန်တွင် ဧပြီလ ၁ ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကာ...

ရန်ကုန်တွင် ဧပြီလ ၁ ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကာအရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအနေဖြင့် အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ၌ လူတစ်ဦးလျှင် ဖုန်းတလုံးနှုန်းဖြင့်လာရောက်အားသွင်းနိုင်မည်ဖြစ်ပြီး စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးရန်မေတ္တာရပ်ခံထားပါတယ်။စင်တာဖွင့်ချိန်မှာ‌ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲဖြစ်ပြီး အပတ်စဉ် အင်္ဂါ‌နေ့မှစနေနေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။




news-view-count-icon

17