back

၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွက်မိုးဇလမှ ထုတ်ပြန်ချက်

Apr 01 • 1:35 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွက်မိုးဇလမှ ထုတ်ပြန်ချက်

၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွက်မိုးဇလမှ ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေဟာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ...

၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွက်မိုးဇလမှ ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေဟာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီးမြန်မာ့ပင်လယ်ပြင်ဟာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။

news-view-count-icon

15