back

ပြည်တွင်းငလျင်အလှူအတွက် မြန်မာ့လက်ရွေးစင်ကစားသမားများဂျာစီ‌ေရာင်းချ၍ အလှူပါဝင်ကူညီမည်

Apr 01 • 1:25 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းငလျင်အလှူအတွက် မြန်မာ့လက်ရွေးစင်ကစားသမားများဂျာစီ‌ေရာင်းချ၍ အလှူပါဝင်ကူညီမည်

မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ငလျင်ဘေးအတွက် ကူညီအားဖြည့်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ လက်ရှိကစားသမားများက ၎င်းတို့၏ ဂျာစီများကို လေလံရောင်းချလှ...

မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ငလျင်ဘေးအတွက် ကူညီအားဖြည့်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ လက်ရှိကစားသမားများက ၎င်းတို့၏ ဂျာစီများကို လေလံရောင်းချလှူဒါန်းပေးခဲ့ကြောင်းသိရပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းမှ ခင်ဇော်လင်းဂျာစီမှာ ကျပ်သုံးသိန်းခွဲ၊ ကိုကိုလွင် ဂျာစီနှင့် ကိုမျိုးသက်အောင် ဂျာစီကို ကျပ်သုံးသိန်း၊ အမျိုးသမီးလက်ရွေးစင် ယမင်းလွင်ဂျာစီကို ကျပ်လေးသိန်း၊ လက်ရွေးစင်ဟောင်းများဖြစ်ကြသည့် ပြည့်ဖြိုးမောင်(ခ)ကိုအိုဝင် ဂျာစီကို ကျပ်လေးသိန်း၊ ဂိုးသမားဟောင်းညီညီသန့်ဂျာစီကို ကျပ်သုံးသိန်းခြောက်သောင်းတို့ဖြင့် လေလံတင်ရာ‌ဝယ်ယူခဲ့ကြသည်ဟုသိရပါတယ်။ယင်းရရှိသည့် လေလံငွေများကို ငလျင်ဘေးအတွက်ပြန်လည်လှူဒါန်းပေးသွားမည်ဟုသိရှိရပါတယ်။




news-view-count-icon

12