back

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် Task Force တစ်ခုဖွဲ့စည်း

Apr 01 • 1:15 AM

breaking-news

မြန်မာ

ရန်ကုန်

cover

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် Task Force တစ်ခုဖွဲ့စည်း

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake ...

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake Relief and Rehabilitation Task Force ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မတ်လ ၂၉ ရက်မှစ၍ ကျပ် သိန်း ၂ဝ,ဝဝဝ မ တည်ကာ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ပါဝင်လိုသူများအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များမှာ ပြည်သူ့ဆက်ဆံရေး ဌာန (PR) ၀၉၄၅၀၂၀၀၆၄၀၊ အသင်းသားရေးရာဌာန (MA) ၀၉၇၇၆၉၉၉၉၂၀/ ၀၉၇၇၆၉၉၉၉၄၀ကိုဆက်သွယ်နိုင်ကြောင်း သိရသည်။



news-view-count-icon

11