နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိ ပင်လုံဆေးရုံကြီးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး ယနေ့(မတ် ၃၁ ရက်)တွင် Dead Body အချို့ အား တွေ့ရှိထားကြောင်း သိရသည်။ဥတ္တရသီရိ ပင်လုံဆေးရုံကြီ၏ အောက်ထပ် တစ်ထပ်လုံးသည် ပြိုကျပျက်စီး၍ ပိတ်မိနေပြီး လူနာရှိသည့် နေရာများ၊ Dead Body ရှိသည့် နေရာများအား ဖောက်၍ ကယ်ဆယ်နေရခြင်းကြောင်းနှင့် အဆောက်အဦး၏ ရုတ်တရက်ပြိုကျသွားနိုင်သည့် အနေအထားကြောင့် အန္တရာယ်များအကြားမှ ကယ်ထုတ်နေရသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် သတိထား၍ ဆောင်ရွက်နေရကြောင်း ဥတ္တရသီရိခရိုင် မီးသက်ဦးစီးဌာန ဦးစီးမှူးက ပြောကြားသည်။



