Elon Musk ရဲ့ Starlink က X (တွစ်တာ) လူမှုကွန်ရက်မှာ ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာ နဲ့ ထိုင်း နိုင်ငံအတွက် Starlink ဂြိုလ်တု အင်တာနက် ကူညီပေးမယ်လို့ ကြေညာလိုက်ပါတယ်။ငလျင်ဒဏ်ခံရတဲ့ မြန်မာမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်မှု ဖြစ်ပွားနေပါတယ်။ Starlink ဂြိုလ်တု အင်တာနက်ဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအတွက် အလွန် အကျိုးရှိပါတယ်။ အခုလို Elon Musk က Starlink ဂြိုလ်တု အင်တာနက် ကူညီပေးမယ့်အတွက် မြန်မာမှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အလွန် ထိရောက်စေမှာ ဖြစ်ပါတယ်။



