ငလျင်ဘေးဒဏ် အရေးပေါ် အခြေအနေကြုံနေရတဲ့ မြန်မာနိုင်ငံကို ကူညီဖို့အတွက် ဗီယက်နမ် စစ်တပ် နဲ့ ရဲတပ်ဖွဲ့ ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ မတ်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနတို့က အဖွဲဝင် ၁၀၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဟာ မတ်လ ၃၁ ရက်နေ့မှာ ငလျင်လှုပ်ခတ်မှု အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်မည် ဖြစ်ပါတယ်။



