မတ်လ ၃၁ ရက် တနင်္လာနေ့မွန်းတည့်တွင် ပြိုကျနေသည့် နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အအုံကို ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က သွားရောက်ကြည့်ရှုစဉ်တွင် ထိုင်းတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံအလုပ်သမားကိုယ်စားပြု အမျိုးသားတစ်ဦးက သူမထံ ချဉ်းကပ်ကာ အဆောက်အအုံအတွင်း ပိတ်မိနေသူများ အထူးသဖြင့် မြန်မာအလုပ်သမားများကို ရှာဖွေပေးရန် ဒူးထောက် ငိုယိုကာ အကူအညီတောင်းခဲ့သည်။ ဝန်ကြီးချုပ်က အားလုံးကို အစွမ်းကုန် ကူညီပေးနေကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။



