back

ထိုင်းနိုင်ငံ ၄၇ ခရိုင်တွင် မိုးသက်လေပြင်း သတိပေးချက်ထုတ်ပြန်

Mar 31 • 1:18 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ ၄၇ ခရိုင်တွင် မိုးသက်လေပြင်း သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံ ၄၇ ခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း အပူပိုင်းမုန်တိုင်းဝင်ပြီး မိုးသက်လေပြင်း ကျ‌ရောက်မယ်လို့ ထိုင်းမိုးဇလက မတ် ၃၁ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ မတ် ၃၁ ...

ထိုင်းနိုင်ငံ ၄၇ ခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း အပူပိုင်းမုန်တိုင်းဝင်ပြီး မိုးသက်လေပြင်း ကျ‌ရောက်မယ်လို့ ထိုင်းမိုးဇလက မတ် ၃၁ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ မတ် ၃၁ ရက်အတွင်း သတိထားရမယ့် ခရိုင်တွေမှာကတော့ ထိုင်းမြောက်ပိုင်း - မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ တာ့ခ်နဲ့ ကမ်ဖိုင်ဖစ်ခရိုင်၊ ထိုင်းအလယ်ပိုင်း - ဥထိုင်းဌာနီ၊ ဆုဖန်းပူရီ၊ အယုဒ္ဓယ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခလမ်း၊ ဘန်ကောက်ခရိုင်နှင့်တကွ အနီးတဝိုက်ဧရိယာ၊ ထိုင်းတောင်ပိုင်း - ဖစ်ချ်ပူရီ ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင်တို့ ဖြစ်ပါတယ်။ ဧပြီ ၁ ရက်နေ့ သတိထားရမယ့်ခရိုင်တွေမှာ - မြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်းနဲ့ တာ့ခ်ခရိုင်၊ ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီ၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီခရိုင်၊ တောင်ပိုင်း ဖစ်ချ်ပူရီခရိုင် တို့ဖြစ်တယ်။ ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်းကျဖွယ်ရှိပြီး အထူးသဖြင့် ဖစ်ပူရီ၊ ပကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ ကရပီ၊ ဆဒွန်း စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန် ၂၅ မှ ၃၄ ဒီဂရီစင်တီဂရိတ်မှာရှိကာ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာ ရှိပါမယ်လို ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။ 



news-view-count-icon

14