မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ အမှတ်(၇) ချည်မျှင်အထည်စက်ရုံ သည် မတ် ၂၈ ရက်နေ့ ငလျင်ကြောင့် ပြိုကျသွားပြီး အမျိုးသမီး ၂ ဦး ပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။မနက် ၉:၄၅ နာရီ အချိန်တွင် ပထမဦးဆုံး အမျိုးသမီးတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ပြီး၊ နောက်တစ်ဦးကို မနက် ၁၁:၃၀ နာရီတွင် ထပ်မံသေဆုံးလျက် တွေ့ရှိခဲ့သည်။ဒီအတူ မန္တလေးတိုင်း ရမည်းသင်းမြို့၊ ပန်းတိမ်ရပ်၊ ကြည်တော်ကုန်းရပ်ကွက်နှင့် မင်းနန်သူဘုရား တို့တွင် ပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် မီးသတ်နှင့် လူမှုကူညီရေးအသင်းများက ရှာဖွေကယ်ဆယ်မှု ဆောင်ရွက်လျှက်ရှိသည်။



