အိန္ဒိယနိုင်ငံမှ ရေတပ်သင်္ဘောများသည် ငလျင်ဘေးသင့်မြန်မာနိုင်ငံအတွက် အကူအညီတန်ချိန် ၄၀ သယ်ဆောင်ကာ ရန်ကုန်ဆိပ်ကမ်းသို့လာရောက်နေပြီဖြစ်ပြီး အဆိုပါစစ်ဆင်ရေးကို အော်ပရေးရှင်းဘားမားဟုအမည်ပေးထားကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျေးရှန်ကာကပြောကြားခဲ့သည်။INS Satpura နှင့် INS Savitri အမည်ရှိ ရေတပ်သင်္ဘောနှစ်စင်းသည် ငလျင်ဘေးသင့်မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ တန်ချိန် ၄၀ ကိုတင်ဆောင်ကာလာနေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးအပါအဝင် နေရာအတော်များများ၌ ကြီးကြီးမားမားထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူတစ်ထောင်ထက်မနည်းအသက်ဆုံးရှုံးခဲ့သည်။



