မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ၎င်း၏ မိတ်ဖက်အသင်းများသည် ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် ရွှေ့လျားဆေးကုခန်းများ ဖွင့်လှစ်ရန် စီစဉ်နေသည်။မတ် ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ဆေးရုံများသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။ထို့အပြင် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်ရှိ ဒဏ်သင့်ဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးရန် ရွှေ့လျားဆေးကုခန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မန္တလေးမြို့တွင် ကြက်ခြေနီအဖွဲ့ဝင်များသည် ဒဏ်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ပြုလုပ်နေပြီး, ဘေးကင်းလုံခြုံရေး ခိုလှုံနေသူများ၏ လိုအပ်ချက်များကို မေးမြန်းကူညီလျက်ရှိသည်။



