back

ရန်ကုန်-မန္တလေး အမြန်လမ်း ပျက်စီးမှုများကြောင့် ခရီးသွားအချိန်ကြန့်ကြာ

Mar 30 • 12:44 AM

breaking-news

မြန်မာ

မန္တလေး

cover

ရန်ကုန်-မန္တလေး အမြန်လမ်း ပျက်စီးမှုများကြောင့် ခရီးသွားအချိန်ကြန့်ကြာ

မတ်လ ၂၈ ရက်က မန္တလေးအနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း၏ တံတားနှင့် လမ်းအချို့ ပျက်စီးသွားပြီး သွားလာရေး အဆင်မပြေမှုမ...

မတ်လ ၂၈ ရက်က မန္တလေးအနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း၏ တံတားနှင့် လမ်းအချို့ ပျက်စီးသွားပြီး သွားလာရေး အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည်။ရန်ကုန်မှ မန္တလေးသို့သွားသည့် ယာဉ်များသည် အမြန်လမ်း ၁၁၅ မိုင်အထိသာ သွားနိုင်ပြီး ထိုမှတဆင့် တောင်ငူ/ရေတာရှည်လမ်းသုံးကာ နေပြည်တော် လယ်ဝေး၊ သာဝတ္ထိနှင့် လေဆိပ်လမ်းမှတဆင့် အမြန်လမ်းသို့ ပြန်တက်ရခြင်း ဖြစ်သည်။တစ်ခါတလေ လမ်းကြောင်းကွေ့ပတ်မှုများကြောင့် ခရီးသွားချိန် ညီညာမှုမရှိဘဲ ကြာမြင့်နေပြီး ရန်ကုန်မှ မနက် ၈:၃၀ ထွက်သွားသူများ မန္တလေးသို့ ည ၁၁:၃၀ မှသာ ရောက်ရှိနိုင်ခဲ့သည်။လက်ရှိတွင် မန္တလေးမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုများ ရှိနေပြီး၊ ညဘက်ရောက်သည့် ခရီးသည်များအနေဖြင့် မြို့တွင်း သွားလာရေးအခက်အခဲကြောင့် ကျွဲဆည်ကန်ကားကွင်း၌ မိုးလင်းသည်အထိ စောင့်ဆိုင်းနေရသည်။


news-view-count-icon

20