back

နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန် ကျင်းပမည်

Mar 30 • 12:31 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန် ကျင်းပမည်

၂၀၂၅ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် UNESCO မှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပြီး ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပမည်ဖြစ်သဖြင့် ပိုမိုစည်ကားမည်ဟုသိရသည...

၂၀၂၅ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် UNESCO မှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပြီး ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပမည်ဖြစ်သဖြင့် ပိုမိုစည်ကားမည်ဟုသိရသည်။ နေပြည်တော်တွင် ကျင်းပမည့် သင်္ကြန်ပွဲတွင် လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန် ပါဝင်မည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ၊ K-POP အဆိုတော်များ တတ်ကြွရန်မျှော်မှန်းထားသည်။ လမ်းလျှောက်သင်္ကြန်ကို စည်ပင်ဧည့်ရိပ်သာမှ မြို့တော်ခမ်းမရှေ့ဗဟိုမဏ္ဍပ် အထိ ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကရေကစားမဏ္ဍပ်များ၊ စားသောက်ဆိုင်များဖြင့် ပျော်ရွှင်စွာဆင်နွှဲနိုင်မည်။ ထို့အပြင် မြို့တော်ခမ်းမရှေ့တွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်းသိရသည်။


news-view-count-icon

16