back

မန္တလေးတက္ကသိုလ် မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီး

Mar 30 • 12:30 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတက္ကသိုလ် မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီး

မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် မတ် ၂၉ ရက်နေ့ မီးလောင်မှုဖြစ်ပွားပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင...

မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် မတ် ၂၉ ရက်နေ့ မီးလောင်မှုဖြစ်ပွားပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးသွားသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်စာမေးပွဲ ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ဖြေဆိုသူ ၆၂,၉၅၄ ဦး၏ ၃၇၄,၉၅၆ အုပ် ပျက်စီးခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ချိန်တွင် စာစစ်ဆရာ/ဆရာမ ၂၆၇ ဦး တာဝန်ထမ်းဆောင်နေခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းရှောင်ခဲ့ကြသည်။ သို့သော် မီးလောင်သွားသည့် အဖြေလွှာများအတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်မရှိသေးခြင်းကြောင့် ကျောင်းသားများ စိုးရိမ်နေကြသည်။


news-view-count-icon

16