menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မြန်မာနိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီများ ၅၀ ထက်မနည်းပြိုကျ၍ သေဆုံးသူ ၃၀၀ နီးပါးထိရှိနေ

Mar 29 • 1:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-newsbreaking-news

မျှဝေမည်

share-news
cover

မြန်မာနိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီများ ၅၀ ထက်မနည်းပြိုကျ၍ သေဆုံးသူ ၃၀၀ နီးပါးထိရှိနေ

မြန်မာနိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီ ၅၀ ထက်မနည်းပြိုကျပြီး သေဆုံးသူ ၃...

cover-photo


မြန်မာနိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီ ၅၀ ထက်မနည်းပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေကြောင်း အစ္စလမ်အသိုင်းအ၀ိုင်းက သိရပါတယ်။ငလျင်ကြောင့် ပျက်စီးမှုများပြီး သေဆုံးမှုများပြား ဗလီများတွင် ကျောက်ဆည် ဆူးလေကုန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊ မန္တလေးအနောက်အပ်ချုပ်ဗလီ၊ ရွှေဘုန်းရှိန်ဗလီ၊ တောင်ငူ ကန်တော်ဗလီ၊ တံတားဦး မြစ်သာရပ် ဗလီ၊ စကြာမြောက် ဗလီ စကြာတောင် ဗလီ၊ ပျော်ဘွယ် မြို့သစ်ဗလီ ၊လယ်ဝေး ဗလီ၊ ပလိပ်မြို့မ ဗလီ၊ ချမ်းမြသာစည် ဂိုင်ရွာဗလီ၊ ရမည်းသင်းမြို့ ဗလီ ၊ ပျဉ်းမနား၊ ပလိပ်မြို့မ ဗလီ၊ စစ်ကိုင်း ဗလီ ၊ ဇီးပင်ပေါက် ဗလီ၊ ရွှေဘို ဆင်ရုံဗလီ၊ ကံသာကုန်းဗလီ၊ အမြောက်တန်း ဗလီ၊ သာစည် ဗလီ၊ မိတ္ထီလာမြို့ ဗလီ၊ မန္တလေး -သူဌေးတန်းဗလီ၊ တိုက်တန်းဗလီ၊ မြောက်အိုးဘို ဗလီ၊ ကြယ်တိုက်ဝင်း၊ မင်္ဂလာဗလီများ ပြိုကျပျက်စီးခဲ့ပါတယ်။ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် အင်အားပြင်းငလျင်လှုပ်ခတ်ချိန် စစ်ကိုင်း၊ မန္တလေး၊ ရမည်းသင်း အပါ အဝင် မြန်မာနိုင်ငံအလယ်ပိုင်းပတ်ဝန်းကျင်ရှိ ဗလီများတွင် အစ္စလမ်ဘာသာဝင်တို့ ဝတ်ပြုနေချိန်ဖြစ်ကြောင်း၊ လတ်တလော စာရင်းများအရ သေဆုံးသူ ၃၀၀ နီးပါးရှိနိုင်သည်ဟု ပျောက်ဆုံးစာရင်းများအပေါ် မူတည်၍ ခန့်မှန်းထားသော်လည်း ဗလီများအောက်တွင် အလောင်းများစွာ ရှိနေသည့်အတွက် အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးမှ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောဆိုပါတယ်။



news-view-count-icon

27

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

(၂၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှထုတ်ပြန်

မြန်မာ့ငလျင်ဘေးအတွက် အနုပညာရှင်ဖြူဖြူထွေးမှ သိန်း ၁၀၀ စတင်မတည်လှူဒါန်း

cover-photo
right-arrow-icon