back

(၂၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှထုတ်ပြန်

Mar 29 • 1:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

(၂၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှထုတ်ပြန်

(၂၈.၃.၂၀၂၅) ရက်နေ့၊နေ့လယ် (၁၂:၅၅) နာရီ အချိန်ခန့်တွင် ဖြစ်ပွါးခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစ...

(၂၈.၃.၂၀၂၅) ရက်နေ့၊နေ့လယ် (၁၂:၅၅) နာရီ အချိန်ခန့်တွင် ဖြစ်ပွါးခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ (၂၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါတယ်ဟုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှထုတ်ပြန်ကြေငြာထားပါတယ်။


news-view-count-icon

16