ယနေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းက မန္တလေးမြို့ကိုဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။ထိုသို့ ထိခိုက်ဒဏ်ရာရသူများအား သက်ဆိုင်ရာဆေးရုံများတွင်ဆေးကုသမှုပေးလျက်ရှိရာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံများတွင် အများအပြားတက်ရောက်ဆေးကုသမှုခံယူရလျက်ရှိပြီး အရေးပေါ်သွေးလိုအပ်မှုများရှိနေသည်။ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည် နယ်(အရှေ့မြောက်ဒေသ)၊ နေပြည်တော်၊ ပဲခူးတိုင်းတို့ရှိ နေရာဒေသများ၌ ငလျင်ဒဏ်သင့်ခဲ့ရသည်။



