back

ငလျင်ကြောင့် အပျက်အစီးများသည့် နေပြည်တော်အပါအဝင် နေရာခြောက်ခုကို အရေးပေါ်အခြေအနေကြေညာ

Mar 28 • 10:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ကြောင့် အပျက်အစီးများသည့် နေပြည်တော်အပါအဝင် နေရာခြောက်ခုကို အရေးပေါ်အခြေအနေကြေညာ

ယနေ့ မတ်လ ၂၈ရက် မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် အပျက်အစီးများခဲ့သည့် နေပြည် တော်အပါအဝင် နေရာခြောက်ခုကို အရေးပေါ်အခြေအနေကြေညာလိုက်ကြောင်း သတင...

ယနေ့ မတ်လ ၂၈ရက် မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် အပျက်အစီးများခဲ့သည့် နေပြည် တော်အပါအဝင် နေရာခြောက်ခုကို အရေးပေါ်အခြေအနေကြေညာလိုက်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးစုံစမ်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အလျင် အမြန်ဆောင်ရွက်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။


news-view-count-icon

18