မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ၊ မန္တလေး တက္ကသိုလ် တိုင်ခြောက်လုံးခေါ် ပင်မအဆောင်ကြီး ပြိုကျကာ တက္ကသိုလ်ဝင်းထဲလည်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြန်မာနိုင်ငံတွင်း ဒီကနေ့ မတ်လ ၂၈ရက် မွန်းလွဲပိုင်း အင်အားပြင်း ငလျင် လှုပ်ခတ်တာကြောင့် စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတား (အင်းဝတံတား) ပြိုကျပျက်စီးခဲ့သလို မန္တလေးမြို့ပေါ်မာလည်း အိုးအိမ်အဆောက်အအုံ ပြိုကျပျက်စီးမှုတွေ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။



