စစ်ကိုင်းမြို့အနီးကို ဗဟိုပြုသည့် ငလျင်ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည် နယ်တောင်ပိုင်း အင်းလေးဒေသတွင် အပျက်အစီးများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။ အဆိုပါ အင်အားပြင်းငလျှင်ကြောင့် အင်းလေး ဖောင်တော်ဦးဘုရား၊ ရင်ပြင် အပျက်အစီးများရှိခဲ့သလို အင်းလေး ဒေသ ဇရပ်ကြီးကျောင်းလည်း ယင်းငလျှင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။



