ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျသွားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်တစ်ခုလုံးတွင် အပျက်အစီး အလွန်များပြားပြီး သေဆုံးမှုများရှိကြောင်း၊ သို့ရာတွင် စာရင်းအတိအကျ ကောက်ယူရန် ခက်ခဲပြီး လမ်းများလည်း ပျက်စီးသွားကြောင်း သိရှိရသည်။



