၂၇.၃.၂၅ရက်နေ့တွင်စစ်ကိုင်းမြို့နယ် ကျောက်ဆစ်ကျေးရွာအနီး ရေသန့်ကားတစ်စီး အရှိန်လွန်၍ လမ်းဘေးဝဲယာရှိ သစ်ပင်အားဝင်တိုက်မိပြီး ယာဥ်မောင်းသူ ညှပ်နေကြောင်းသတင်းရရှိသဖြင့် စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊အိုးဘိုကျန်းမာရေးနှင်လူမှုကူညီရေးအသင်းတို့နှင့်အတူ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့တို့မှ လိုအပ်သည်များအားသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ မစိုးရိမ်သည့်ဒဏ်ရာရ ယာဥ်မောင်းအား အိုးဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူည်ီပေးခဲ့ကြောင်း သိရပါသည်။



