ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စီးမီး ပြတ်တောက်နေတာ တစ်ပတ်ခန့်ရှိပြီဖြစ်တာကြောင့် ဒေသခံတွေဟာ ချက်ပြုတ်ရာနဲ့ လျှပ်စီးမီးအသုံးပြုပြီး လုပ်ရတဲ့ အထွေထွေကိစ္စတွေမှာ အခက်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ချင်းပြည်နယ် လျှပ်စစ်ဌာန တာဝန်ရှိသူတစ်ဦးက "66kV ကျော-ဂန့်ဂေါကြား လိုင်းအပြစ်ဖြစ်လို့ မီးမရတာပါ။ သွားလာလိုအဆင်မပြေသေးတော့ ဘယ်ချိန်ရမလဲ ကြိုမပြောနိုင်သေးပါ" လို့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ အခုလို လျှပ်စီးမီး ပြတ်တောက်နေတာကြောင့် ဟားခါးမြို့ ဒေသခံတွေဟာ ထမင်းဟင်း ချက်ပြုတ်ရာမှာ မီးသွေးကို အသုံးပြုနေကြရတယ်လို့ သိရပါတယ်။ဒီနေ့မှာလည်း 230kV ညောင်ပင်ကြီး-ချောင်းကူးကြား Line Fault ဖြစ်လို့ယောဒေသမြို့များအပါဝင် မြို့နယ် ၁၄ ခုဟာ ဒီညကစပြီး မီးပျက်နေတယ်လို့သိရတယ်။



