back

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ် ငွေပေးနိုင်မှ ကုန်ကားများဖြတ်သန်းခွင့်ရ

Mar 27 • 2:10 PM

breaking-news

မြန်မာ

ရှမ်း

cover

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ် ငွေပေးနိုင်မှ ကုန်ကားများဖြတ်သန်းခွင့်ရ

ရှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခ...

ရှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ထိုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲနေသည့်ထဲမှ ရှမ်းတောင်နှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသည်လည်း နှစ်စဉ်နှင့်အမျှ အစစ်ဆေး ပိုမိုတင်းကျပ်လာပြီး ယာဉ်ထိန်းရဲများကို ကားတစ်စီးလျှင် ကျပ်ငွေ နှစ်သိန်း ပေးနိုင်မှသာ ကုန်ကားများ ဖြတ်သန်းခွင့်ရကြကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကားသမားတစ်ဉီးက ပြောသည်။ယခင်က အဆိုပါ ကျွဲတပ်ဆုံဂိတ်ကို ည ၁၂ နာရီတွင် ပိတ်၍ မနက် ၄ နာရီပြန်ဖွင့်ပေးသော်လည်း ယခုလက်ရှိတွင် ကားတန်းများ ပိုမိုများပြားလာခြင်းကြောင့် မနက် ၂နာရီခွဲ ပိတ်၍ ၄ နာရီအချိန်ပြန်ဖွင့်ပေးထားသည်ဟု သိရပါသည်။


news-view-count-icon

15