ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အခုမတ်လ၊ နောက်ဆုံးပါတ်အတွင်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေတဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်းစတဲ့ မြို့နယ်တွေက ကျေးရွာတွေဟာ စိုက်ပျိုးရေး လုပ်ကိုင်ဖို့အတွက် စက်သုံးဆီအရောင်းဆိုင်(ဆီပန်စ့်)တွေက ရောင်းချပေးတဲ့ စက်သုံးဆီတွေကို အားထားနေရတာဖြစ်ပြီး လက်ရှိမှာ ရောင်းချပေးတာ မရှိတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲအပြင် မြေဩဇာတွေ၊ မျိုးတွေ့တွေ၊ လျှပ်စစ်မီးအခက်အခဲတွေကိုလည်း ရင်ဆိုင်နေရပြီး လက်ရှိမှာတော့ ကြက်သွန်နီတစ်ကီလိုကို ဘတ် ၃၀ခန့်နဲ့ ရောင်းချနေရတဲ့အတွက် အရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။



