back

သောင်းရင်းမြစ်လှေဆိပ်များမှ မြန်မာဘက်ကုန်သယ်ခွင့် ယာယီ ပြန်ခွင့်ပြု

Mar 27 • 11:26 AM

breaking-news

မြန်မာ

ကရင်

cover

သောင်းရင်းမြစ်လှေဆိပ်များမှ မြန်မာဘက်ကုန်သယ်ခွင့် ယာယီ ပြန်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မြဝတီလှေဆိပ်များမှ Transit Cargo (ဖြတ်သန်းကုန်စည်) ကုန်သယ်ဆောင်ခွင့်ကို မတ် ၂၂ ရက်ကစ၍ တာ့ခ်ခရိုင်အာဏာပိုင်အမိန့်ဖြင့် ပိတ်ထားရာမှ ယ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မြဝတီလှေဆိပ်များမှ Transit Cargo (ဖြတ်သန်းကုန်စည်) ကုန်သယ်ဆောင်ခွင့်ကို မတ် ၂၂ ရက်ကစ၍ တာ့ခ်ခရိုင်အာဏာပိုင်အမိန့်ဖြင့် ပိတ်ထားရာမှ ယာယီပြန်ဖွင့်ပေးလိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။ယမန်နေ့တွင် ထိုင်းအာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်၊ လှေဂိတ်တွင် အလုပ်လုပ်ကိုင်နေသည့် ဂိတ်ပိုင်ရှင်များ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ကိုင်သည့် ကားအသင်းအဖွဲ့၊ အကောက်အခွန် အစရှိသည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး Transit Cargo အား မတ်လ ၂၆ ရက်မှ ဧပြီ ၂၂ ရက်အထိ ပြန်လည်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ် အစရှိသည့်နိုင်ငံများမှ တင်သွင်းလာသော လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းတို့ကို ထိုင်းနိုင်ငံအား တဆင့်ခံ၍ Transit Cargo ဖြင့် သောင်းရင်းမြစ် နယ်စပ်လှေဆိပ်များမှတဆင့် မြန်မာ နိုင်ငံဘက်သို့ သယ်ယူနေခြင်းဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်၌ လှေဆိပ်ပေါင်း ၅၉ ခု ရှိကြောင်း သိရသည်။



news-view-count-icon

13