back

၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက် အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြုမည်

Mar 27 • 7:55 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက် အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြုမည်

ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့်မလေးရှားနိုင်ငံ တို့မှ လွဲပြီး ကျန်နိုင်ငံ များ အတွက် အလုပ်ခေါ်စာ ကို အေဂျင်စီ တစ်ခု လျင် တစ်လကိုအလုပ်သမား ၁၀ ဦးသာ ခွင့်...

ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့်မလေးရှားနိုင်ငံ တို့မှ လွဲပြီး ကျန်နိုင်ငံ များ အတွက် အလုပ်ခေါ်စာ ကို အေဂျင်စီ တစ်ခု လျင် တစ်လကိုအလုပ်သမား ၁၀ ဦးသာ ခွင့်ပြုမယ်လို့ မတ်လ-၂၇ရက် မှာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မတ်လ ၂၂ရက် ကစပြီး မြန်မာနိုင်ငံ ကနေ အလုပ်သမားစေလွှတ်နေတဲ့ နိုင်ငံအလိုက် အလုပ်ခေါ်စာ လူဦးရေကန့်သက်ချက်တွေ ကို နေ့စဉ် နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာနေတာမှာ ထိုင်းနိုင်ငံအတွက် ၅၀ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅နဲ့ ကိုရီးယားနိုင်ငံအတွက် ၁၀ဦး စင်ကာပူ အတွက် လုပ်သား ၅ဦး နဲ့ ယခု တွင် မလေးရှား အတွက် လုပ်သား၂၀ဦး နဲ့အခြားနိုင်ငံတွေ ကို တော့ ၁၀ဦးသာခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။





news-view-count-icon

16